တက္ကသိုလ် သီချင်းများ (1)

ကံ့ကော်ရွာ..မြသီလာ..မြရိပ်ဝန်း..အမည်တွေ..မှည့်လို့..ဖွဲ့လို့..တင်စားလို့ မကုန်တဲ့..တက္ကသီလာ..မြကျွန်းသာ ကြီး ရဲ့ အလှ နဲ့ နက်ရှိုင်းမူ ကို.. မကြုံဖူး..မသိဖူး သော.. သူတချို့အတွက်..သီချင်း တွေ နားထောင်ကြည့်ရင် များ.. ဘယ်လို နေမလဲ လို့ပါ.. ( ညီမ စိုး နဲ့..ညီမ မကြေးမုံ ရေ.. နဲနဲလောက်တော့.. နားထောင် ခံစားကြည့်ပေးပါ အုံး..)း)



ဒီအခွေက.. ရှားပါး အခွေပါ..။ စင်ကာပူ ( ရတနာ) က..ထုတ်ဝေဖြန့်ချီပြီး..အဲဒီ စင်ကာပူ ဆိုင်ကပဲ.. ၉၉ လောက်က..၀ယ်ထားခဲ့တာပါ..။ ဖြစ်ချင်တော့.. ခေတ်ပေါ် နဲ့..ခေတ်ဟောင်း စတိုင် ၂ ခွေပါတာမှာ.. ခေတ်ပေါ်ခွေကို.. စင်ကာပူက..၇န်ကုန် တက္ကသိုလ် မသိဖူး..မကြုံဖူးတဲ့...ပိုလီ ညီမတွေ ..NUS ညီမတွေကို..ပေး နားထောင် လိုက်တာ..ဖျေက်ပစ်ပါလေ ရော.. ဆိုးလိုက်တာ..။ အခု ဘယ်မှာ မှ..ပြန်ရှာ လို့ မရတော့ပါဘူး။



အခု..လက်ထဲမှာ ကျန်ခဲ့တဲ့.. “မြရိပ်ဝန်းကို လွမ်းပါသည်” ထဲက..သီချင်းတွေ ကို တင်ပေးပါ့မယ်။ “တချိန်တုန်းက တက္ကသိုလ်” ကတော့.. စာသားပဲ နောက်တခေါက် တင်ပေးပါ့မယ်..။ တခါတည်း ဆိုတော့.. များလွန်းနေမယ်..။ တကယ်တော့.. မြရိပ်ဝန်း က..ပို နားထောင် ကောင်းတာပါ.. ။ သိဖူးသူများ..ပြန်လည် ခံစားဖို့ နဲ့..မသိသူများ.. မြည်းစမ်း ကြည့်ဖို့..း)







အင်းလျားမှာ ဆုံစို့ကွယ်




မြရိပ်ဝန်းကို လွမ်းပါသည်




သစ္စာမြေ



တက္ကသိုလ်မှာ ဝေတဲ့နှင်း



စိန်ရတု တက္ကသိုလ်



ကံ့ကော်မြိုင်တန်း





နွေကျောင်းပိတ်ရက် မလိုချင်ပါ






ချစ်ရက်ရှည်ရှည် အင်းယားမြေ




မြကျွန်းညိုညို တက္ကသိုလ်


တက္ကသိုလ်ကျောင်းက..ငွေလမင်း



စကားမစပ်.. သီချင်း တွေ တင်ချင်လို့..ရှာဖွေလေ တွေ့ရှိလေ လုပ်လိုက်တာ.. ခု တင်ထားတဲ့..apture ဆိုတာသွားရတယ်။ သိပ်ကောင်းတဲ့....app ။ ..blogger ထဲမှာ.. တခါတည်း ထဲ့ လိုက်ရတာ.. audio တင်မက.. media file အမျိုးမျိုး ကို..လင့် လို့ ရတယ်။ လှတယ်..သပ်ရပ်တယ်။


+++++++++++++

သို့သော်လည်း Hosting ပြသာနာကြောင့်.. esnips နဲ့ပဲ တစုတည်း ပြန်တင်ပေး လိုက်ပါတယ်။း)

Powered by eSnips.com


Share/Bookmark

34 Comments:

mirror said...

အူးးးးးးးး အားကြီးပဲ။
အလုပ်တခုတော့တိုးပီ။
စိတ်ရှည်လက်ရှည်ကို ဒေါင်းရမှာ။
တချို့လူကြီးတွေဆိုထားတဲ့သီချင်းတွေပဲကြားဖူးတာ။

MANORHARY said...

အင်းလျားမှာ ဆုံစို့ ကွယ် ..ပါ
စုံဆို့ မဟုတ်ပါဘူးး))
သီချင်းတွေကိုကျေးဇူးတင်ပါတယ်လို့ မပြောပါဘူး
ခုတလော ကေတစ်ယောက် ရောဂါတွေပေးနေတယ်
လို့ပဲ အပြစ်တင်ခဲ့ပါတယ်း((

pandora said...

အားပါးပါး.. ရက်စက်ပါပေ့ မကေရယ်...
အလွမ်း ဘယ်လိုဖြေရမယ်..

စူးနွယ်လေး said...

အင်းလျားမှာ ဆုံစို့ကွယ် သီချင်း ငယ်ငယ်တုန်းက အိမ်မှာရှိတယ်။ အဖေအမေတို့နားထောင်တဲ့ အခွေပါ။ ဆိုထားတဲ့သူက တင်တင်မြလား၊ မာမာအေးလားမသိဘူး။ အဲလိုအဆိုတော်မျိုးတွေထဲက တယောက်ယောက်ပဲ။ ကြီးလာတော့လည်း အဲဒီသီချင်းလေးကို ကြိုက်လို့၊ အလွတ်လည်း ရနေလို့ ခုထိ ခဏခဏညည်းဆိုဖြစ်တယ်။ မူရင်းအဆိုတော်ရဲ့ ဆိုဟန်က အရမ်းကောင်းတာပဲ။ ပိုးဒါလီပြန်ဆိုထားတာ တို့မသိဘူး။ တခြားသီချင်းတွေ နားထောင်လိုက်ဦးမယ်။ တစုတစည်းထဲ လုပ်ပေးထားတာ ကျေးဇူးတင်မိတယ်။

Nge Naing said...

မကေ ရေ နံပါတ် ၁ ကနေ စတာတွေ့လို့ ရောက်လာတယ်။ အခန်းဆက်ကိုတော့ အစဆုံး ဖတ်ဖို့ အချိန်ရမှ တခါတည်း ပြန်ဖတ်မယ်။ သီချင်းတွေက ကျွန်မအစ်မ အမြဲတမ်း ဆိုတဲ့ သီချင်းတွေမို့ ကျွန်မ တပိုင်းတစစီ အကုန်လုံး ရတယ်။ ဒါပေယ့် တပုဒ်လုံး ပြည့်အောင် တပုဒ်မှ မရဘူး။ ဘယ်တော့ ကြားရ ကြားရ ကျွန်မ နားထဲမှာ ဘယ်တော့မှ ရိုးမသွားတဲ့ သီချင်းတွေပါ။ ကျေးဇူးပဲ မကေ။ ကော်ပီ ပြန်ကူးထားလိုက်မယ်နော့်။

:P said...

မကေရေ...
သီချင်းအရင် ဖွင့်နားထောင်ပြီး စာမဖတ်သေးပဲနဲ့
ဈန်ရဲ ဆိုတဲ့ "အင်းလျားကို အထီးကျန်မသွားချင်ဘူးကွယ်၊ ကန်လယ်ရေလှိုင်းများ" အဲဒီသီချင်းတင်ပေးပါ ပြောမလို့။
မကေပျောက်တာ အဲဒီအခွေဖြစ်နေတာကိုး..။

MieMie said...

သီချင်းတွေ တစုစည်းတည်း နားထောင်ရလို့ ကျေးဇူးပါ
မကေ... မြကျွန်းညိုညို တက္ကသိုလ် သီချင်းကိုတော့
အကြိုက်ဆုံးပါ...

mie nge

ရွှေရတုမှတ်တမ်း said...

မကေ တင်ထားတဲ့ သီချင်းတွေက တို့လူကြီးတွေအကြိုက်
တက္ကသိုလ် မှာဝေတဲ့နှင်း က ယောင်္ကျားးဆိုတာ ပိုကောင်းသလိုပဲ......
လူငယ်တွေ ကတော့နားထောင်ရတာပျင်းသတဲ..
့အင်းလေ.....သူတို့ကသံချပ် ထိုးသလိုအော်နေမှသီချင်းထင်တာကို...
သူတို့ကြီးပျင်းလာချိန်မှာ..ဗမာပြည်မှာသံချပ်က..restricted အလုပ်ခံထားရတာကို....

သက်ဝေ said...

သီချင်းတွေ လာနားထောင်တယ် ကေ...
အဲဒီအခွေတွေက ၁၉၉၅ ရန်ကုန်တက္ကသိုလ် စိန်ရတုမှာ ထွက်တဲ့ အခွေတွေလို့ မှတ်မိတာပဲ... ဘယ်အချိန်မဆို နားထောင်လို့ ကောင်းနေတဲ့ နားထောင်လိုက်တိုင်းလဲ အလွမ်းတွေ ဝေစေတဲ့ သီချင်းတွေပါ...။
စကားမစပ်... တချိန်တုန်းက တက္ကသိုလ် သီချင်းတွေ ကေ လိုချင်ရင် ပို့ပေးနိုင်ပါတယ်... :-)

နေ့အိပ်မက် said...

တက္ကသိုလ်သီချင်းတွေ နားထောင်ပြီးရင် အနှစ်နှစ်ဆယ်လောက်စောပြီး လူဖြစ်ချင်တယ်.. ရန်ကုန်တက္ကသိုလ်ကို အနံ့ပဲရှုဖူးလို့... :(

ATN said...

ခုသီချင်းတွေထဲမှာ အကြိုက်ဆုံးကတော့ အင်းလျားမှာဆုံစို့ကွယ်-ပါ... ချိုပြုံး ဆိုထားတာ ပိုကောင်းတယ်...

စူးနွယ်လေး said...

အရင်အဆိုတော်က ချိုပြုံးတဲ့..
ဟုတ်မှာပါ။ ဆိုတဲ့စတိုင်က သိပ်ကောင်းတာပဲ။
အဲဒီအခွေလေး အိမ်မှာမရှိတော့ဘူး။ သိပ်နှမြောတာပဲ။
တက္ကသိုလ်တောင်မတက်ရသေးခင်ကတည်းက ရင်းနှီးခဲ့တဲ့၊ အရမ်းကြိုက်တဲ့ အင်းလျားမှာဆုံစို့ကွယ် သီချင်းပါ။

tg.nwai said...

အော်..လွမ်းစရာတွေက လွမ်းလို့ကို မပြေနိုင်အောင်ပေါ့..အတူတူ တပျော်ကြီး လွမ်းကြတာပေါ့ ကေရယ်..ဟဲဟဲ

ကိုလူထွေး said...

မကေက ခင်ဖို့ကောင်းလိုက်တာ...
သီချင်းတွေအတွက် ကျေးဇူးးးး

းဝ)

P.Ti said...

မကေလုပ်လို့ ကျောင်းကိုလွမ်းသွားပြီ.. :( အခု ခရီးသွားတဲ့ မှတ်တမ်းရေးနေတာ ကို့လို့ကန့်လန့်ဖြစ်တော့မှာပဲ... အဆောင်တုန်းက တချို့ ပေါက်ကရတွေ သတိရသွားလို့ :D

nyimuyar said...

Thank you so much for sharing those kind of songs, all r my fav:

Moe Cho Thinn said...

“စာသင်ရက်အား ကျောင်းတံခါးပိတ် အိမ်မပြန်ချင်ဘူး” လို့ ကျောင်းကြီးရဲ့ နောက်ဆုံးတနေ့က သူငယ်ချင်းရဲ့ အော်တိုစာအုပ်လေးမှာ ညည်းခဲ့တယ်။ :)

kay said...

အင်း..သီချင်းတွေ ကြိုက်တဲ့သူတွေ အကုန်လုံးက.. တကယ်သိတဲ့ လူတွေချည်းပဲ..။ ညီမူရာ နဲ့ နေ့အိမ်မက် ကတော့.. မျိုးဆက်သစ် လေးတွေ ထင်ရဲ့..
မနော်.. စုံဆို့နာ ပေါက်နေလို့..ဟိ ( စိတ်မဆိုးနဲ့..ထပ်လာအုံးမယ်)

မသက်ဝေ..သီချင်းပေးရင် ယူမယ်..ဒါမဲ့..အခွေ မူရင်းပို့ပေးမှ နော်..း)

kay said...

ကိုပီတိ..ခရီးသွားရင်းတန်းလန်း ကောက်လွမ်းလိုက်ပေါ့လေ.. :D

ဆင်ဆင် က.. ခေတ်ပြိုင် သီချင်းတွေ အတော် သိတာပဲ.. အင်း...မဟုတ်မှ လွဲရော..သူ့ကို ငယ်ငယ်လေး ထင်ထားတာ..လွဲပြီ ထင်တယ်။း)

Su said...

အင်းလျားမှာစုံဆို့ ဆိုတော့ ကန်တော်ကြီးမှာကြက်ညှာ ပေါ့ နော် :P

Shinlay said...

အခွေတော့ရှိတယ်။ စာသားလေးတွေရလို့ ကျေးဇူးတင်ပါ
တယ်။

juno said...

မကေရေ
သီချင်းတွေကို အချိန်ပေး စုဆောင်းထားရမှာနော်။

ကျောင်းနဲ့ပတ်သက်တဲ့ သီချင်းတွေဆိုတာက
ကျောင်းသားတိုင်း ခံစားလို့ရတယ်လေ ကျောင်းတူတူ မတူတူပါ။

ချိုပြုံးက အဆောင် ဒင်နာမှာ လာဆိုခဲ့တာရော ကျောင်းရော သူငယ်ချင်းတွေရော ရှိသမျှ စုပုံလွမ်းသွားတယ်။

မအယ်

မမသီရိ said...

တက္ကသိုလ်မှာဝေတဲ့နှင်း ..ရေ..
နှင်းကလေးတွေမှ ဟုတ်ရဲ့လား
နှင်း ကလေး တွေ မှ ဟုတ်ရဲ့ လားး...လေ


ရေလှိုင်း ခတ်သံ.. သစ်ရွက်ကြွေသံ.
ကျေးငှက်မြည်သံ..
.....
အာာာာ
...
တို့ တွေ တချိန်ချိန်မှာ ဆုံပြီး သီချင်းတွေ ဆိုကြရအောင်....

MrDice said...

မကေ ကျွန်တော်က ရန်ကုန်တက္ကသိုလ် နောက်ဆုံး အသုတ်ကလို့ပဲပြောရတော့မယ်... မိန်းထဲမှာ ၄ လလောက်ပဲ တက်လိုက်ရတယ်။ သစ်ပုပ်ပင်ကြီးနဲ့ ကံ့ကော်ပွင့်တွေ ငေး လို့ကောင်းနေတုန်း၊ အင်းလျားရေပြာပြာ မှာကဗျာဖွဲ့ကောင်းတုန်း ၉၆ ဒီဇင်ဘာမှာ မီးသတ်ပိုက် နဲ့ ဖြိုခွဲခံ လိုက်ရလို့ တက္ကသိုလ် ပုံရိပ်တွေလွင့်မျော သွားခဲ့ ရတာပါ။ ကံ့ကော်မြိုင်တန်း သီချင်းလေး ကို တော်တော် ခံစား မိတယ်...လွမ်းမောရသော တက္ကသိုလ် နွေညများပါပဲ။ ကျေးဇူးပါ မကေ။

ဒိုက်စ် ( တောင်ငူ)

www said...

ကျေးဇူးတင်ပါတယ် အစ်မရေ.... မြကျွန်းညိုညို တက္ကသိုလ် ဆိုတဲ့ သီချငိးကို လို ချင်လို့ ရှာနေတာ ကြာလှပေါ့။ ကူးသွားပါတယ်နော်။ နားထောင်ရင်းနဲ့ မျက်ရည်တော့ ၀ဲမိသား အစ်မ ရယ်....။

နေ့အိပ်မက် said...

မျိုးဆက်က ဆယ်ပြန်လောက်သစ်နေလို့ ခက်နေတာမမရေ.. အဲဒီမြကျွန်းညိုညိုသီချင်းဆို တစ်ခါမှ အလွတ်မရဘူး ကြားပဲကြားဖူးတာ... ဒါပေမဲ့ နေ့အိပ်မက်တို့ကျောင်းမှာ နိုင်ငံခြားသားကျောင်းသားတွေက အဲဒီသီချင်းကို ဆိုသွားတာများ. မြန်မာကျောင်းသားတွေ ဖျားသွားရတယ်... အဲဒီကတည်းက အလွတ်ရချင်သလိုလိုဖြစ်သွားတာ.. :P

Unknown said...

K, thank you so much for this. I couldn't find Poe Darli's "Da Di Ya Nay Mar Bar". Will you post it soon?

တန်ခူး said...

မြန်မြန်ပြန်လာပါတော့ဗျို့ … စိန်ပန်းနဲ့ ကံ့ကော်ကို လွမ်းလှပြီ…

JulyDream said...

မတော်လိုက်ရတဲ့ ယောက္ခမလိုပဲ မတက်ဖူးတဲ့ ကျောင်းကြီးကို အလွမ်းတွေ ပိုမိပြီ။

Eaindra said...

မကေရေ...

သီချင်းလေးတွေ..
လာနားထောင်သွားတယ်...

ဟဲဟဲ..ပြောချင်တာလေးလည်းရှိလို့..

အသက်အရွယ်နဲ့မဆိုင်ဘူး..မကေ ရ..
ဖီလင်နဲ့ဆိုင်တာ...ဖီလင်နဲ့...းP

ချစ်တဲ့

parvang said...

မကေသွယ် ...
သီချင်းတွေ ဖွင့်လို့ မရဘူး။ ဘယ်လို ဖွင့်လို ရမယ်ဆိုတာပြောပြပေးပါလား။ ။

kay said...

parvang-အပေါ်က..သီချင်းတပုဒ်ခြင်း ဘေးက.. plug in လေးတွေကို ပြန်ဖြုတ်ထားလိုက်တာ..မရတော့ဘူး..။ အောက်မှာ.. အကုန်ပြန်စု ထားတာ က..ရ-ရမယ်လေ...။ browser ပြောင်းပြီး ဖွင့်ကြည့်ပါအုံး။

yeminthu said...

I LIKE THIS ALL SONG. I WANT TO DOWNLOAD. I DON'T KNOW, HOW TO DOWNLOAD. SO PLEASE LET ME KNOW HOW TO DOWNLOAD. THANKS A LOT

yeminthu said...
This comment has been removed by the author.