မြန်မာ့ဂီတထဲက.. တွေ့မိသလောက်..မတောက်တခေါက်

မြန်မာ့ ဂီတ ထဲက... တွေ့မိ သလောက်... မတောက် တခေါက်


ဟို တခေါက်.. ဦးဇာဂနာ .. ဇွဲသီချင်း နောက်ခံ သမိုင်း လေး ..လာ ပြော ပြီး က တည်း က.. အော်..အဲဒီ ခေတ် အဲဒီ အခါ.. နယ်ချဲ့ ဆန့်ကျင် ရေး..အမျိုးသားရေး လုပ်ရှား မူ တွေ ထဲ က.. သီချင်း လေး တွေ .. အာရှ လူငယ် ခေတ်..ပါလီမန် ခေတ်..ဆိုရှယ်လစ် ခေတ်..ဒီမိုကရေ စီ တိုက်ပွဲ ခေတ်..ခေတ် အဆက် ဆက် က..သီချင်း လေး တွေ နဲ့..မြန်မာ့ဂီ တ ရေစီးကြောင်း - အကြောင်း တွေ ..ခေါင်းထဲ ရောက်လာတယ်။

သမိုင်း ထဲက သီချင်း

ပြီး ခဲ့တဲ့ ၂ နှစ် လောက်က.. ည နေ ခင်း ရေ နွေး ၀ိုင်း လေး တခု မှာ..မိသားစု တွေ စုံ မိကြတုန်း..အဖေ က.. သူ ဖတ် လတ်စ.. ဆရာ မြသန်းတင့် နောက်ဆုံး ရေးသွား ခဲ့တဲ့ ` တောင်သမန် အင်း က လေညင်းဆော် တော့´ ဆိုတဲ့.. စာ အုပ် အတော် ကောင်း ကြောင်း ပြော ရင်း..အဲဒီ ထဲက.. စစ် အတွင်း မန္တလေး အကြောင်း နဲ့အတူ ထည့်ရေး ထားတဲ့ ..အေ၀မ်း ဆရာ ညှာ ရဲ့သီချင်း စာ သား လေး တ ပုဒ် ကို ပြ တယ်။ အရမ်း သဘော ကျ ပေမဲ့..အလိုက် တော့ မသိ ဘူး တဲ့ ။ သီချင်း နာမည် ကြည့်တော့..ပြည်တော် ၀င် ..။

`ဟယ်..အဲသချင်း.သမီး သိတာပဲ.. ရာ ဇာ ၀င်းတင့် ပြန်ဆို ထား တာ..အရမ်း ကြိုက်တာ..´

ဆို ပြီး.. ဆို ပြ လိုက်တာ ..တခါ တည်း.. ။

အဲဒီ သီချင်း လေး ကို...အရင်က မကြားဘူး ပေမဲ့.. အဲဒီ ကာရာအိုကေ ခွေထဲမှာ.. မန္တလေး နောက်ခံ ရှု ခင်း လေး တွေ နဲ့..တကယ့် မန္တလေး သူ စစ်စစ် လေး တွေနဲ့..ဗမာ ဆန် ဆန် လေး ရိုက် ထားတာ။ ကြည် သာ (ပွဲကြိုက် ခင် ) ရဲ့လက်ရာ ထင်တယ်။ ဘာ လို့မှန်း တော့..မသိဘူး..ဗမာ ပြည် အလွမ်း ပြေ..အဲဒီ အခွေ လေး ဖွင့်နားထောင်တိုင်း.. ဒီ သီချင်း လေး ရောက် ရင်..၀မ်း နဲ. ၀မ်းသာ ကြီး ခံ စား ရတယ်။ စစ်ကြီး အပြီးမှာ.. မီးလောင် မြေ ဖြစ်ကျန် ခဲ့တဲ့ ပျက်စီး နေတဲ့..မန္တလေး မြို့ကြီး ထဲ..စစ်ကိုင်း တောင်မှာ..စစ်ပြေး နေကြတဲ့.. မြို့သူ မြို့သား တွေ..၀မ်းနဲ ပမ်းနဲ..ပြန်လာ ကြတော့.. ပြန်လည် ထူ ထောင်ရေး တွေ လုပ်ဖို့..အားပေး ထား တဲ့..အင်မတန် အားပါ တဲ့..သီချင်းလေးပါ။

အင်တာနက် မှာ ရှာ ကြည့် တော့..၀င်းဦး ဆိုထား တဲ့ ဗားရှင်း ပဲတွေ့တယ်။ ပို တောင် ကောင်း သေးတယ်။
`... အခါ တော် ရောက် ချိန် နီး လို့ လာ ပေ..ဒေါ်ဒေါ် မမ နှမ တို့ရေ..´ ( ကောင်း လိုက်တာ..)
နားထောင် ကြည့်ပါလား....


width=25 height=25 autostart=false repeat=true loop=true>


အဲဒီတုန်းက..ရေ နွေး ၀ိုင်း မှာ..ကိုယ့် အမ က..အေ၀မ်း ဆရာ ညှာ အကြောင်း..သူ ကြားဖူးတာ ထပ် ပြော ပြ တော့.. မိသားစု အားလုံး..စိတ်ဝင် တစား ...

အေ၀မ်း ဆရာညှာ ဟာ..ငယ်ငယ် တည်းက..မျက် စိ ကွယ် နေတဲ့ ဒုက္ခိ တ ဖြစ် ပြီး.. သီချင်း ပေါင်း များစွာ ကို လက် တမ်း စပ် ဆို ခဲ့ တာတဲ့။ ထုံးစံ အတိုင်း..ငွေ ကြေး ရ တာ လည်း ရှိ..မရ တာ လည်း ရှိ..ဒီလိုပဲ..ဆင်းဆင်း ရဲ ရဲ နဲ့.. ဘ၀ ဆုံး သွား ခဲ့တယ် တဲ့။ လူ တွေက..သူ့သီချင်း တွေကို..နိုင်ငံရေး တွေ ချည်းပဲ လို့ ပြောလို့..အချစ် သီ ချင်း တပုဒ် စပ် ပြ ခဲ့ ဘူးပါ သတဲ့။ တခါတည်း.. မြန်မာ ရှေး သီချင်းတွေ ထဲမှာ.. အပြာ ဆုံး.. အကြွဆုံး.. အရင့် ဆုံး..
` အိစက် ညက် ညော တဲ့..ဖဲမွေ့ရာ ပေါ် ၀ယ်..ချစ် တလင်း ခေါ်မယ်.. ချစ်ဗျူဟာ ခင်း တဲ့ တူ မောင် မယ်......´ ဆို တာ..သူ့ သီချင်းပေါ့။
စွယ်စုံ ရပါပေ့..ဆရာ ညှာ ရယ်။


ပေါ် လစီ တေး ... အကျိုး ပြု တေး

ငယ်ငယ် တုန်းက.. ကက်ဆက် ခွေ အသစ် တွေ ထွက် ရင်.. ကာဗာ မှာ.. ကွးင်းစ ကွင်းပိတ် နဲ့ အကျိုးပြု ဆိုပြီး..ရေးထားတဲ့..သီချင်း တပုဒ် နှစ်ပုဒ် အမြဲ ပါတာ ကို.. နားမလည် ခဲ့ဘူး။

ဆိုရှယ်လစ် ခေတ် ဆိုတော့..ဆိုရှယ် လစ် စတိုင်လေး တွေလေ။

နဲနဲ တော့ ကြာပီ.. ဘားမားတူဒေး မှာ ဖတ် လိုက် ရတာ။..အဆိုတော် မွန်း အောင်နဲ့ အင်တာဗျူး မှာ.. ရိုး ရိုး လေး သီချင်း ဟာ.. အကျိုး ပြု တဲ့။ ဟယ်..... လို့ ဖြစ် နေတုန်း..ဆက် ဖတ် မိ တာက.. သူ တို့မှာ..အခွေ တခွေ ထွက် မယ် လုပ် တိုင်း..အကျိုး ပြု တေး ထဲ့ဖို့..စိတ်ညစ် ရ တယ်တဲ့။ အဲဒါ နဲ့ တခါ တော့.. ရိုးရိုးလေး ကို..အကျိုးပြု ဆို ပြီး တင်လိုက် တာ..စိစစ်ရေး က..အတည်ပြု လိုက် တယ်တဲ့။

ထူး အိမ် သင်ရဲ့ ပထမ ဆုံး အခွေ..နာရီ ပေါ်က မျက် ရည် စက်များ မှာ ဆို.. အကျိုးပြု တေး ဆန် ဆန် ထဲ့ထားတဲ့..` သူငယ် ချင်း အတွက်´ ဆိုရင်..အကျိုးပြု မပြု တော့ မသိ။ နား ထောင် တဲ့ သူ တောင်.. ကလေး များ အားလုံးလည်း ..စာသင် မဲ့ ဆရာ ကို မျှော် နေ တယ်..ဆိုလို့.. ရွာ ကိုတောင်..ချက် ချင်း ပြေး သွား ချင် စိတ် ပေါက် အောင်..ကောင်းလှ ပါတယ်။

ပေါ် လစီ တေး ဆို တာ ကတော့..၀ါဒ တခု ..စနစ် တခု ..အုပ်ချုပ် မူ တခု အတွက်.. ချီးပင့် ရေး ရ တာ မို့.. အကျိုးပြု တေး နဲ့ တော့..နဲနဲ ကွာ မလားပဲ။

တခါ ..ဖတ် ဘူး လိုက်တာ..ဘယ် မဂ္ဂ ဇင်း ထဲ မလဲ တော့..မမှတ် မိ။ ဆရာ ဂီတ လုလင် ဦး ကို ကို က..ပြော ပြ ထား တာလေး။ ဦး နု ရဲ့ ပါ လီမန် ခေတ်..ပြည် တော်သာ စီမံကိန်း တွေ စတော့.. ဂီတ ပညာ ရှင် တွေကို..သီချင်း တွေ..စပ်ပြီး ပြိုင် ခိုင်း တာ ပေါ့ ။ ..သူတို့ ( ဦးကိုကို ) က.. လူငယ် ခြေ သွက် ကလေး တွေ ဆို တော့.. အပြတ် တက်ကြွ ပြီး.. အပီ အပြင် ညွှန့်နေ အောင် စပ်ကြ တယ်တဲ့။ အဲဒီ မှာ..မြို့မငြိမ်းက.. သီချင်း တပုဒ် တင် လာ တယ် တဲ့။ မြို့မ ငြိမ်း ဆိုတော့..သူ တို့လည်း ၀ိုင်း ကြည့် ကြတာ..ဘာ တွေများ စပ်မလဲ ပေါ့။ နောက်ပြီး.. သူတို့ထင် သလို.. အမွှန်း အပြောက် တွေ မပါ တော့..ဟင်း..ဘယ်လို ကြီး လဲပေါ့။ ဒါပေမဲ့..ဆရာ ဦး ကို ကို က..ပြောတယ်.. အခု အချိန်..ကျ နော် တို့..အဲတုန်း က စပ်တဲ့ သီချင်း တွေ..ဘယ်ရောက်သွား မှန်း တောင် မသိ တော့ဘူး။ အဲဒီ..မြို့မငြိမ်း စပ် ခဲ့ တဲ့..` လူချွန် လူကောင်း´ သီချင်း လေး ကတော့.. ဘယ် ခေတ်မှာ မှ..မရိုး သွားခဲ့ဘူး ဗျာ... တဲ့။


ဒါ ဆို.. အခု..မြန်မာ့ ရုပ်သံမှာ တလ တမျိုး.. မော်ဒယ် အင်အား အပြည့် နဲ့ ..စပ် ဆို ထုတ်လွှင့် နေတဲ့.. ` အထွက် တိုး တဲ့..၀ဲကြီး ဆည်´ တို့.. ` အိုင် ပေါက် ကြီး ဆည် က..ကြို နေမယ်´ တို့ ဆို တဲ့ ..သီချင်း မျိုး တွေ ဆို..ဘယ်လောက် ကြာ ကြာ ခံ မလဲ မသိ ဘူးနော်။

တီထွင်..ဖန်တီးမူ

မြန်မာ သီချင်း တွေထက်.. တခြား..ဘာတွေ ညာတွေ..ပိုကြိုက် တတ်တဲ့..သူ့ကိုယ်သူ..ဂစ်တာ fanatic ဆိုတဲ့.. အိမ် က ဘိုးတော် တယောက်..ခုတလော..ဘာစိတ် ကူး ပေါက် တယ် မသိ။ အင်တာနက် မှာ..မြန်မာပြည် သိန်း တန် ကိုအသဲ အသည် လိုက် ရှာ နေလေ ရဲ့။ သိန်း တန် သီချင်း တွေ ဆို ထား တာ ပေါ မ ပေါ ဆိုတော့.. မဟုတ် ဘူး.. original သူ ကိုယ် တိုင် တီး ဆို တာ နားထောင် ချင်ပါသတဲ့။ သူ အရမ်း စိတ် ၀င် စား ပြီး ..ကြိုက် တဲ့ အချက် (၃) ချက် ရှိ တယ် တဲ့။ ပထမ တချက်က.. နံမယ်မှာ..မြန်မာ ပြည် လို့ ထဲ့ထား လို့တဲ့။ နောက်တချက်က.. လိဒ် ဂစ် တာ ကို..ကိုယ် တိုင် တီး ပြီး ဆိုလို့တဲ့။ နောက် ဆုံး တချက် က.. အဲဒီလို..ဂစ်တာသံ ( အနောက်တိုင်း ဂီ တ) နဲ့..မြန်မာ့ ဆိုင်း ၀ိုင်း ကို ရောစပ် ထား တဲ့ ..ကိုယ်ပိုင် ဟန် ကို ကြိုက် တယ်တဲ့။ အဲဒါ မှ..တကယ့် ..ရောသမ မွှေ စစ် စစ် တဲ့။ ကဲ..အဲဒါ နဲ့..ကိုယ် လည်း.. လိုက်ရှာ ပြီး..နားထောင် ကြည့် တော့ မှ..သူပြော တဲ့..ရောသမ မွှေ..အရသာလေး တကယ် ခံစား ရတယ်။
သိန်း တန် ရဲ့..နံမယ် ကျော် စုံတော မြိုင် တွေ..လိုက်ရှာ တာ..မတွေ့တော့ ပေ။ လူ ကလည်း..မြုပ်ချက် သား ကောင်း လှ ချည့်။ မြန်မာ MP3 ဆိုဒ် မှာ ရှားရှားပါး ပါး တွေ့လို့.. မှုံ ရွှေ ရည် ဆိုတာလေး.. ။


ရေသမမွှေ ဆိုလို့..တခါ..ဆစ်ဒနီ ရေဒီယို အစီ အစဉ် တခု က..လွှင့်တဲ့ ဆရာဦး ကိုကို ရဲ့ ပြောစကား တွေထဲမှာ..သူလဲ..ရောသမ မွှေ တခု လုပ်ခဲ့တယ်တဲ့။ ဂျာမန် ဂီတပညာရှင် အချို့နဲ့ပေါင်း ပြီး လုပ်တာတဲ့။ သူ့စိတ် ထဲ..သိပ်မသေချာ..ခပ်ရွံ့ရွံ့ ဖြစ်တာနဲ့..အသာ သိမ်းထားခဲ့တာတဲ့။ ကြည့် ပါဦး...လူကြီး တွေက ..တွေးလွန်းတာကိုး....။ ခုခေတ် သားဆိုး တို့..ခပ်တည် တည် နဲ့ ချပစ်လိုက်တော့....နံမည် ကို ကြီး လို့...။


အဲ ဒီဖက် ခေတ် တွေက.. အဆိုတော် တော်တော်များများ.. ကိုယ့်လိုင်း ..ကိုယ့်ဟန် လေး တွေ ရှိကြ တာ။ မင်းအောင် ဆို..တလိုင်း။ ကိုင်ဇာ က..တလိုင်း။ ဘိုဘိုဟန် တို့က..တလိုင်း။ စိုင်း ထီးဆိုင် တို့..စိုင်းခမ်းလိတ် တို့..ဟန် ကလည်း..ဘယ်သူနဲ့မှ မတူ။ နောက် ပိုင်း တော့..ထူး အိမ် သင်ပေါ့။ အားလုံး တညီ တညွတ် တည်း.. ကြိုက် နိုင် တာ ဆိုလို့..သူတယောက်ပဲ ရှိမယ် ထင်ရဲ့။ တခြား ကိုယ် ကြိုက် တာ တွေ ထဲက ဆို..ခင်ဝမ်း..။ ဇော်ဝင်း ထွတ် က.. သူ့ရဲ့ Inspiration ဟာ ခင်ဝမ်း ပါတဲ့။ ကဗျာ ဆန် ဆန် သီချင်း များ.. ပန်းချီ ဆန် ဆန် သီချင်း များ..ရှင်။ နောက် ပြီး..မွန်းအောင်။ ၈၈ အရွယ် လူငယ် များ ရဲ့ အသဲကျော်..တက္ကသိုလ် ကျောင်း ၀န်း ကြီး ထဲက..ရစ်ရစ် မူးမူး လျှံ ကျ လာတဲ့..သီချင်း များ။ လေး ခွေ သာ ထွက် သွား ပေ လို့။ တကယ်တော့..ကိုမောင်မောင်..ကိုရဲလွင်..ကိုနေ၀င်း..အားလုံး အတွဲညီ ခဲ့ ကြ လို့လည်း..ဒီလောက် ပေါက်ခဲ့တာ ပါ။ ပြည် ပ က ထုတ် တဲ့..(၅) ခွေ မြောက် တေးစု မှာ လည်း.. သံ ဓါတ်ပါတဲ့..သြရှရှ..သူ့အသံ က..မပြောင်းမလဲ။

အား..ကြိုက် တာ တွေကတော့..အများကြီး။ ခိုင်ထူးလဲကြိုက် တယ်။ တက္ကသိုလ် တက်ခါ စက..ခေတ်စားတဲ့..ဗလ သီချင်းတွေလည်း..အမှတ် ရတာပဲ။ ဆယ်ကျော် သက် က.. တီဗီမှာ စောင့် နား ထောင် ခဲ့ရတဲ့..ဟေမာနေ၀င်း ရဲ့.. သီချင်းတွေလည်း..မမေ့သေးပါဘူး။ မြန်မာ သံ စစ် စစ်တွေ..ရေဒီယို သီချင်း တွေ လည်း ကျန်နေ အုံးမယ်။ အဖေ တို့..အမေ တို့ ခေတ်က..ကိုစောငြိမ်း တို့တောင် မကျန် ကြိုက် တာပါ။ ( အများကြီး ကျန် ပါ အုံးမယ်)

ခု နောက်ပိုင်း..အိုင်စီ..အိုင်စီ နဲ့အသဲအသန် ဖြစ် နေ တဲ့ အချိန်မှာ..မြန်မာ ဂီတ ရေစီးကြောင်း နဲ့..နဲနဲ ပြတ် နေခဲ့တယ်။ သူငယ် ချင်း တယောက် ယူလာ ပေး လို့..ကြည့်တော့မှ.. အတော် ကောင်းတာပဲ။ အထူး သဖြင့်..ဂီ တ သက်သက် ကို အသားပေးမူ.. ထုတ်လုပ်မူ အရည်အသွေး..။ ဒါပေမဲ့..ကိုယ်ပိုင် ဖန် တီး မူ ဖက် ကို..သိပ် ရောက် မလာ သေး ဘူးလားလို့။

ဝါသနာ ထက်..၀မ်းရေး ကခက်.. လို့..ထူးအိမ်သင် က နောက်ဆုံး အခွေ...နှူတ်ဆက် သီချင်း မှာ..ဆိုသွားခဲ့ တယ်။ သူ နှုတ်ဆက် ထွက် ခွါသွားကြောင်း..သီချင်းနဲ့ ပြော ခဲ့ ပါတယ်။ တချိန် မှာ..မြန်မာ့ ဂီတ ပညာ ရှင် တွေ..အနုပညာ ကြေး တွေ..တကယ် ထိုက်ထိုက် တန် တန် ရ ပြီး.. တကယ့် ထူးခြား ပြောင် မြောက် တဲ့..အနုပညာ တွေ ကို.. ဖန်တီး နိုင် ပါစေ လို့ပဲ။

( ဖြည့်စွက်ချက်- ဟင်းလင်းပြင် ဆိုတဲ့ ဘလော့က.. ဖိုးသံ (လူထု) ရေးခဲ့တဲ့ ဆရာမြို့မငြိမ်းအကြောင်းလေး..ဖတ်ကြည့် ကြစမ်းပါ... ကျေကွဲ ဖို့ကောင်းလိုက်တာ.. )



Share/Bookmark

5 Comments:

P.Ti said...

ဟုတ်တယ် မကေ။ ရှေးတုန်းက သီချင်းတွေနားထောင်ပြီး ကြိုက်တယ်။ လူချွန်လူကောင်းသီချင်းဆိုရင် ဆိုလို့လည်းကောင်းတယ် အဓိပ္ပာယ်လည်းကောင်းတယ်နော်။ မြို့မငြိမ်းလို့ပြောရင် မြနန္ဒာကို ချက်ချင်းပြေးမြင်တယ်။

နောက်ဆုံးမှာ ပြောသွားသလို အနုပညာ ကြေး ထိုက်ထိုက် တန်တန် ရရင် တကယ့် ထူးခြားပြောင်မြောက် တဲ့ အနုပညာတွေပိုပြီးထွက်လာမှာပါ။ အခုနောက်ပိုင်းမှာ ကိုယ်ပိုင်ဖန်တီးထားတဲ့ သီချင်းတွေကို ပိုပြီး လေးလေးစားစား နားထောင်ဖြစ်တယ်။ နားထောင်မယ်ဆိုရင်တောင် စီဒီကို ၀ယ်ပြီးနားထောင်တယ်။ ကော်ပီတွေ နားထောင်ချင်ရင်တော့ ဒီလိုပဲ ဒေါင်းလုပ်လုပ်လိုက်တယ်။ :D

ဆောင်းယွန်းလ said...

မကေသွယ်ရေ..ဒီလို
ိဲူ့ပို့စ်မျိုးတွေဘလော့လောကမှာများလေ
ကောင်းလေဖြစ်မှာပါ...
ကြိုက်တယ်ဗျာ

Anonymous said...

အလဲ့..ကိုယ့်လူက သီချင်းကောင်းတွေ ကြိုက်သကိုး။ ice age က မဟုတ်ဘူးဆို? :-) သီချင်းများ နားထောင်ရတာ ကောင်းပါ၏။

အလည်မလာဖြစ်တာ လွတ်ကြာနေလို့ လာလည်တာပါ။

Dr.Nay Oo (Burma) said...

လူချွန်လူကောင်းသီချင်းနဲ့ပတ်သက်လို့ ကျွန်တော်မှတ် ထားလေးနဲ့လွဲနေလို့ ပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်။
နောက်ခံရာဇ၀င်တူတူပါပဲ။ ဒါပေမဲ့ ဂီတလုလင် ဦးကိုကို မဟုတ်ပဲ၊ သူ့အစ်ကိုဖြစ်တဲ့ ဘိုကလေး ဦးတင့်အောင်က ပြောခဲ့တာပါ။ သူစပ်ခဲ့တဲ့ သီချင်းက ပြည်တော်သာ၊ ပြည်တော်သာရမည် ဆိုတဲ့ စကားလုံးတွေ ပေါပေါများများ တိုက်ရိုက်သုံးပြီး ၀ါဒဖြန့်ခဲ့ တာကြောင့် အရွေးခံခဲ့ရပေမဲ့၊ ပြည်တော်သာစီမံကိန်း မအောင်မြင်ဖြစ်ပြီးနောက်မှာတော့ ဘယ်သူမှ အရေးမလုပ် ခဲ့ကြရုံမက၊သူကိုယ်တိုင်တောင် သီချင်းကိုခေါင်းစဉ်ကအစ မမှတ်မိတော့ပါကြောင်း ပြောခဲ့တယ်လို့မှတ်မိပါတယ်။

kay said...

ဒေါက်တာညဏ်ဦး ပြောတာ ပိုဖြစ်နိုင်ပါတယ်။ ကျမလည်း မရေမရာ ဖတ်လိုက်မိတာ..တနေရာက ဆိုတာပဲ မှတ်မိတော့တယ်။ ရုပ်ရှင်အောင်လံ မဂ္ဂဇင်းလားမသိ။ ဦးကိုကို နဲ့ ဘိုကလေး တင့်အောင် ..၂ယောက်လုံး ကတော့..တကယ်တော့..အတူတူ သဘောပါပဲနော်။ စာလာဖတ်တာ..စိတ်ဝင်တစား ထောက်ပြတာ..ကျေးဇူးတင်ပါတယ်။ ခင်မင်လျက်-